အားလုံးပဲ မင်္ဂလာပါ...အားပေးသူအားလုံး ဘေးရန်ကင်းကွာကိုယ်စိတ်နှစ်ြဖာချမ်းသာကြပါစေ... အားလုံးပဲ မင်္ဂလာပါ...အားပေးသူအားလုံး ဘေးရန်ကင်းကွာကိုယ်စိတ်နှစ်ဖြာချမ်းသာကြပါစေ..

အမှတ်တရ

Saturday, March 5, 2011

ရင်ထဲကမြတ်ဆရာ

မေ့မရ၍
နေ့စဉ်တမ်းတ၊သတိရလျက်
စိတ်ကမှန်းဆ၊ကြည်ညိုရသည်
မေ့မရတဲ့မြတ်ဆရာ...။


မေ့မရ၍
မြင်တွေ့ခဲ့ရ၊စိတ်အလှကြောင့်
ဂယက်လှိုင်းဖြာ၊စိတ်ချမ်းသာလျက်
ရင်မှာတမ်းတ၊ကြည်ညိုရသည်
မေ့မရတဲ့မြတ်ဆရာ...။

မေ့မရ၍
ဆုံတွေ့ခဲ့ရ၊ငယ်ဘ၀၌
ဆရာ့ရင်ခွင်၊ခိုရောက်စဉ်ဝယ်
ပျော်ရွှင်နှစ်ခြိုက်၊စိတ်ပျော်ပိုက်လည်း
ကွေ့ဝိုက်ထွက်ခွါ၊ကျောခိုင်းရာ၌
ငါ့မှာစိတ်မှန်း၊လွမ်းရိပ်ပြွန်းလျက်
ရော်ရမ်းတသ၊ကြည်ညိုရသည်
မေ့မရတဲ့မြတ်ဆရာ...။
ခရီးသည်(ရိုးပြတ်တော)

No comments:

Post a Comment